
Professor Khin Maung Win (Liver)
မန္တလေးတိုင်း မိတ္ထီလာမြို့မှာ အဖရဲဝန်ထောက် ဦးဘဂျမ်းနဲ့ မိခင် ဒေါ်ခင်ခင်တို့မှ မွေးဖွားခဲ့ပါတယ်။ ဖခင်ကြီး ရဲဝန်ထမ်း အနေနဲ့ ပြောင်းရာ မြို့တွေမှာ လိုက်ပြီး ကျောင်းနေခဲ့ ပါတယ်။ တောင်ကြီး စိန့်အန်းကျောင်း (St. Anne) (ယခု အထက-၃)၊ တိုက်ကြီး အလယ်တန်း ကျောင်း၊ သဲတော ဝမ်းတွင်း အထက်တန်းကျောင်းတွေမှာ စာသင်ခဲ့ပြီး နောက်ဆုံး မိတ္ထီလာမြို့ အထက (၁) ကနေ ၁၉၆၅ ခုနှစ်မှာ ဆယ်တန်းအောင်ခဲ့ပါတယ်။ မန္တလေး ဆေးတက္ကသိုလ်ကနေ အမ်ဘီဘီအက်စ် ဘွဲ့ကို ၁၉၇၂ ခုနှစ်မှာ ရရှိပါတယ်။
